Posts

Showing posts with the label Note

My self

ကိုယ့်အကြောင်း စာစီစာကုံးပါ တဲ့။ Thet Wai   က challenge လုပ်ပါတယ်။ ဘယ်နှမှတ်ပေးမှာလဲတော့ မသိ၊ အမှတ်တရတွေတော့ ဖြစ်ကျန်ရစ်မှာပါ။ နံမည်က မေစည်သူအောင်ပါ။ ကိုယ့်နံမည်ကို စာလုံးပေါင်းမှားရေးရင် မကြိုက်၊ အလွန်စိတ်ဆိုးသူ။ အချိန် မလေးစားသူ နောက်ကျသူ ဖြစ်ရမှာ အလွန်စိုးရိမ်ကြောင့်ကြ တတ်သူမို့ ချိန်းထားတာရှိရင် အစောကြီးကြို ပြင်ကြို ကြို တင်တင်ရောက်တတ်သူ ပေမယ့် စာမေးပွဲဆိုရင်တော့နီးမှကပ်မှ ဖုတ်ပူမီးတိုက် အိုးနင်းခွက်နင်း စာကျက်တတ်သူ။ ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်ကြည့်ရင်း၊ သီချင်းနားထောင်ရင်း ဒါမှမဟုတ် ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ မနှစ်မြို့စရာ သတင်းတွေမြင်တိုင်း ဝမ်းနည်းမျက်ရည်ကျတတ်သော်လည်း ဆုံးဖြတ်ချက်ချပြီဆိုရင်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော မသနားတတ် ပိုင်းဖြတ်ချတတ်သူ။ စိတ်တို စိတ်ဆတ် စိတ်ဆိုးလွယ် ပေမယ့် အငြိုးအတေးမထားတတ်။ စိတ်မြန် ပေမယ့် နှစ်သက်ရာ ယုံကြည်ရာကိုတော့ စိတ်ရှည်လက်ရှည်လုပ်တတ်သူ။ အစားအသောက်ကောင်း နှစ်သက်ခုံမင်သော်လည်း ကြုံရင်ကြုံသလို ဖြစ်သလို စားတတ်သူ။ လှလှပပ ဝတ်စား ဆင်ယင် သွားလာတတ်သော်လည်း ဘိုသီဘတ်သီ နေချင်သူ။ အင်္ဂလိပ် စကားကို သွက်သွက်လက်လက် ပြောနိုင်သော်လည်း အဆင့်ြ...

This is a new for me.

Image
11th June 2020 I have been meaning or wanting to create a blog but haven't got enough motivation to do so. Today, my lovely teenager neice Su Su, who is a very keen writer started writing her short story and share with me for my opinion. She also asked my suggestion on where to keep her writings. I suggested her to build "a Blog". Then I asked myself why don't I build a blog for me? And now here I am, start writing my very own blog and trying to call myself 'a blogger'. Stay tune!! I will post my previous writings (mainly in Burmese) and new ones here soon. createdbymaysithuaung
createdbymaysithuaung Today is 11th of June 2020 in Sydney.